ပုဗ္ဗသီရိ ဇွန် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသားလူငယ်များအား မူးယစ်ဆေးသုံးစွဲရခြင်းကြောင့် ဖြစ်ပွား တတ်သည့် နောက်ဆက်တွဲဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ကြိုတင်ကာကွယ် ရှောင်ရှားတတ်စေရန်နှင့်ပြစ်မှုပြစ်ဒဏ်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)