ပြည် ဇွန် ၁၃
ပြည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် လိုင်းအပြစ်ဖြစ်ပေါ်မှု လျော့နည်းစေရေးတို့အတွက် ဓာတ်အားလိုင်းများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်မြို့တွင်းသို့ဖြန့်ဖြူးထားသော ဗိုလ်ချုပ်လမ်းနှင့် ရွှေတစ်ချောင်းလမ်းတို့ရှိ (၁၁)ကေဗွီ ပြည်(၁၊ ၂၊ ၅)ဓာတ်အားလိုင်းတို့အား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ကြွေသီးအသစ်များလဲလှယ်တပ်ဆင်ခြင်း နှင့်ပြင်ဆင်ရန်လိုအပ်သည့်မီးကြိုးများကို ပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် ယင်းဓာတ်အားလိုင်းများနှင့်နီးကပ်လျက်ရှိသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ယခုလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်းရှိ ကျန်ဓာတ်အားလိုင်းများအားလုံးကိုလည်း အလားတူလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ကိုဆက်(ပြန်/ဆက်)