အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

ကျိုက်မရော    ဇွန်  ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်စားသုံးရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးနှင့် ပြန်ကြားရေးနှင် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူကာကွယ်ရေးအသိပညာပေး(Talk Show)ကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက ယခုအချိန်တွင် Online Shopping များ ရောင်းဝယ်ခြင်း ဆိုင်ရာလုပ်ငန်းများတွင်ဖြစ်ပေါ်နေသည့်အကြောင်းအရာများနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်း ဖြစ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးအောင်ညီညီခန့်က အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များအတွက် စားသုံးသူကာကွယ်ရေးအခွင့်အရေးများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင်စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရခြင်းများ Online Shopping Page တွင် ဖော်ပြထားသည့်ဆက်သွယ်ရန် ဖုန်းနံပတ်လိပ်စာများအား မြေပြင်တွင်အမှန်တကယ်ရှိမရှိ စစ်ဆေးရန်လိုအပ်ခြင်း၊ ကုန်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများ၏ ပစ္စည်းလက်ခံပြေစာများကို အတုပြုလုပ်ခြင်းများရှိသဖြင့် သေချာစွာစစ်ဆေးရန်ဆွေးနွေးခဲ့သည်။

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန် လစဥ်ဆွေးနွေးပွဲများကို အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိရာယခုပြုလုပ်သော Talk  Show အစီအစဥ်ကို We Love kyaikmaraw Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)