မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ဇွန် ၁၃

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ ဆွေးနွေးသည်။ ထို့နောက်(Book Club) ဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက စိတ်ဥယျာဥ်၊ အောင်မြင်မှုဆီသို့၊ မူဝါဒနှင့်တန်ဖိုးအကြောင်းအရာများ၊ ဆရာသျှမ်း(မန်းတက္ကသိုလ်)က ရွှေတိုင်ညွှန့်ရဲ့ နောက်ဆုံးလက်ရာ၊ အတိတ်နှင့်အနာဂတ်၊ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်၊ ဆရာမင်းလပြည့် (ဟားခါး)က ဆုပေးသူနှင့်ဆုရွေးသူ၊ သုတရသမျှဝေနည်း၊ ရင်ထဲရှိသမျှ၊ စာပေမျိုးဆက်သစ်များအတွက် ဆောင်းပါးများကိုဆွေးနွေးကြပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်