သဲကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်များခင်းကျင်းပြသ

သဲကုန်း ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတကြွယ်ဝစေရေး၊ ဥာဏ်ရည်ဥာဏ်သွေးများ ထက်မြက်စေရေးအတွက် အခြေခံပညာ အလယ်တန်းအဆင့် ​ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲအား ယနေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​ဝင့်နန္ဒာဌေးက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် အမှတ်ပေး စည်းကမ်းချက်များအား  ရှင်းလင်း​​ပြော​ကြားခဲ့သည်။ ထို့နောက် အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ယှဥ်ပြိုင်ခဲ့​နေမှုများကို ​မြို့နယ်မိခင်နှင့်က​​လေးစောင့်ရှောက်​ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ ကြည့်ရှုအား​ပေးကြပြီး ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများက (Community Centre) တွင်ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကိုကျော် (ပြန်/ ဆက်)