သန်လျင် ဇွန် ၁၅
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ယနေ့နံနက်တွင် သုတ၊ ရသစာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ လုပ်ငန်းခွင်မပျက်၊ စာသင်ချိန်မပျက်စေဘဲ အားလပ်ချိန်များတွင် စာပေဖတ်ရှု့စေနှိုင်ရေး၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်အယူအဆ မှန်ကန်စွာဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားစေနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် သန်လျင်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခဲ့သည်။
သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများအား စံမံချက်ပါအတိုင်း ဆက်လက်ကွင်းဆင်း၍ စာအုပ်စာစောင်များငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)