ကရသူရိ ဇွန် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်း သား/သူများအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် ဘုတ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပြသခဲ့ကြောင်း သိရသည်။
မိုးဦးကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကို ကျောင်းသား/သူများ ကြိုတင်ကာကွယ်နိုင်ရေးအတွက် သွေးလွန်တုပ် ကွေးရောဂါ၏ လက္ခဏာများ၊ ခြင်ကျားပေါက် လေ့ရှိသောနေရာများ၊ ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ခြင်ဆေးမှုတ်ခြင်း၊ ခြင်းကျား လောက်လန်းကင်းဝေဖို့ တို့ကျောင်းသားတွေပါဝင်စို့ စသည်တို့ကို ပညာပေးပြသခဲ့သည်။
ထို့အပြင် မူးယစ်ဆေးဝါးကြောင့် ကျောင်းသား/သူများ၏ အနာဂတ်လှပရေးကို ပျက်စီးဆုံးရှုံးမှု မရှိစေရေးမူးယစ်ဆေးဝါး၏ ဆိုးကျိုးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးဆိုသည်မှာ၊ စိတ်ကြွဆေး လတ်တလောသုံးစွဲမှု လက္ခဏာများ၊ စိတ်ကြွဆေး မသုံးစွဲရတဲ့အခါခံစားရမှုများ၊ ရေရှည်သုံးစွဲမှု လက္ခဏာများ၊ WYဆေးပြား၊ ဘိန်းသီး၊ ဆေးခြောက်စသည်တို့ကိုလည်းကောင်း၊ စာပေဗဟုသုတ များအတွက် စာအုပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစ်စားလေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)