ပုဗ္ဗသီရိမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်း​က သွားရောက် ဆောင်ရွက်ခဲ့သည်။

တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ များ အသိပညာဗဟုသုတပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဆရာစံရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလွန်ကျောင်း၊ စာသင်ဆောင်တွင် ကျင်းပသည်။

အ.ထ.က(၁)လယ်ဝေးတွင် မူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက လယ်ဝေးမြို့၊ အမှတ်(၁) အ​ခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၊ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲနှင့် သက်ဆိုင်ရာဌာနများထံမှ လမ်းညွှန်မှုခံယူပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ MSME Association လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၊ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲနှင့် သက်ဆိုင်ရာဌာနများထံမှ လမ်းညွှန်မှုခံယူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

မြိတ်မြို့ ပြည့်သူ့‌ဆေးရုံတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

(၂၀၂၃)ခုနှစ် ဇွန်(၁၄)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူ ဒါန်းပွဲကို မြိတ်မြို့ ပြည်သူဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် မြိတ်တက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ သွေးလှူဘဏ်သို့ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ရသေ့တောင်မြို့နယ်၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော မြို့တွင်းထရန်စဖော်မာလိုင်းများကို စစ်ဆေးဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား(၉၅)ဦးတို့ဖြင့် ပြိုလဲပျက်စီးခဲ့သည့် လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားတိုင်များအား သိမ်းဆည်းပြီးပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုအဖွဲ့(၂)ဖွဲ့ ခွဲ၍ဆောင်ရွက်လျက်ရှိကာ မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်သန်းနှင့်ဝန်ထမ်းများက မြို့တွင်း ထရန်စဖော်မာလိုင်းများကို စစ်ဆေးစိစစ်လျက်ရှိသည်။

ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် မြိတ်မြို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများအား နေ့လယ်စာလှူဒါန်း၍ ဝန်ထမ်းသား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြိတ်မြို့ရှိ သံသရာအေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ကျောင်းအိပ် ကျောင်းစား ပညာသင်ကြားနေကြသော ကျောင်းသား/သူ(၂၃၀)ဦးအား ယနေ့နံနက်ပိုင်း နေ့လယ်စာ လှူဒါန်း၍ ဝန်ထမ်း သား/သမီး(၃၇)ဦးအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခဲ့သည်။

တိကျမှန်ကန်သည့်မဲစာရင်းများရရှိရန် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များ အလေးထားဆောင်ရွက်

ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

(၂၀၂၃)ခုနှစ် ဇွန်(၁၄)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် သွေးလှူဒါန်းပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန အပေါ်ထပ်တွင် ယမန်နေ့နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်လ ၁၃ ရက်နေ့ နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Subscribe to