ဇေယျာသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၊ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲနှင့် သက်ဆိုင်ရာဌာနများထံမှ လမ်းညွှန်မှုခံယူပွဲ ကျင်းပ

ဇေယျာသီရိ ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ MSME Association လုပ်ငန်းရှင်များ တွေ့ဆုံပွဲ၊ အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲနှင့် သက်ဆိုင်ရာဌာနများထံမှ လမ်းညွှန်မှုခံယူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နေပြည်တော် MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းမှ မိတ်ဆက်စကားပြောခြင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး MSME Association အထွေထွေအတွင်းရေးမှူး ဦးပညာက လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား ရှင်းလင်း တင်ပြခဲ့သည်။ ယင်းနောက် MSME Association ဇေယျာသီရိမြို့နယ် လက်ရှိဥက္ကဋ္ဌ ဦးအောင်မိုးခိုင်က မိတ်ဆက်ရှင်းလင်းဆွေးနွေးပြီးနောက် MSME လုပ်ငန်းအမှုဆောင် အသစ်ခန့်အပ်နိုင်ရန်အတွက် ဖိတ်ခေါ်ရွေးချယ်ခဲ့ရာ ဇေယျာသီရိမြို့နယ် MSME လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအသစ်အဖြစ် ဦးအောင်မိုးခိုင်အား ပြန်လည်ရွေးချယ်ခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ယင်းနောက် ဦးအောင်မိုးခိုင်က ဇေယျာသီရိမြို့နယ် MSME လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအသစ်အဖြစ် မိတ်ဆက်စကားပြောကြားခဲ့ပြီး ဦးကျော်စွာဝင်းက နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)