မန္တလေး ဇွန် ၁၅
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ဇွန်လ ၁၃ ရက်နေ့ နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ၊( Book Club) ဥက္ကဋ္ဌ ဆရာချမ်းမြေ့အေး က စိတ်ဥယျာဥ်၊ အောင်မြင်မှုဆီသို့၊ မူဝါဒနှင့်တန်ဖိုး ခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း၊ ဆရာသျှမ်း (မန်းတက္ကသိုလ်)က ရွှေတိုင်ညွှန့်ရဲ့နောက်ဆုံးလက်ရာ၊ အတိတ်နှင့်အနာဂတ်၊ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင် ခေါင်းစဉ်များဖြင့်ဆွေးနွေးခြင်း၊ ဆရာမင်းလပြည့်(ဟားခါး)က ဆုပေးသူနှင့်ဆုရွေးသူ၊ သုတရသမျှဝေနည်း၊ ရင်ထဲရှိသမျှ၊ စာပေမျိုးဆက်သစ်များအတွက် အစရှိသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် စာပေဝါသနာရှင်များက သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)