မိတ္ထီလာမြို့နယ်တွင် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေစေရေးနှင့် အရိပ်ရအပင်များ ရရှိစေရေး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေစေရေးနှင့် အရိပ်ရအပင်များ ရရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်က အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် စပါးသီးနှံ၌ ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်း အသိပညာပေးဆွေးနွေပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့၊ မွန်းလွဲပိုင်းက စပါးသီးနှံ၌ ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း (Book Club) က ဆရာ‌ရွှေဥဒေါင်း ၏ အကြံဉာဏ်ဖြင့် ကြီးပွားရေးစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့နံနက် (၈) နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျောင်းသား/ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ  ဆောင်ရွက်​ပေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တောင်ငူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၉) နာရီခွဲ အချိန်က အထက်တန်း၊အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ  ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့တွင် သစ္စာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စည်ပင်သာယာရေးဌာနမှ မြို့နယ်ဖွံ့ဖြိုးတိုးတက်သာယာလှပရေးလုပ်ငန်းများကို စဉ်ဆက်ပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပိန်းဆန်းရပ်ကွက်အတွင်းရှိ သစ္စာလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာနှင့်မျိုးစေ့ထုတ်လယ်ယာ တောင်သူလယ်သမားများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်း ကျေးရွာအုပ်စုရှိ ကဥ္စနကျွန်းသာ (GOLD DELTA) ကုမ္ပဏီလီမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာနှင့် မျို့စေ့ထုတ်လယ်ယာ တောင်သူလယ်သမား များအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားသို့ ယမန်နေ့မွန်းလွဲ ၁၃:၀၀ နာရီအချိန်က တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပသည်။

အမရပူရမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ဆောက်တောဝကျေးရွာအနီးရှိ ၅၁ လမ်း၊ လမ်းဘေး ဝဲ/ယာတွင် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၏ စီမံမှုဖြင့် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီအချိန်က အဆိုပါ လမ်းပေါ်၌ ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀နာရီမှ စ၍ ညနေ ၅နာရီအချိန်အထိ မိသားစုတိုင်း ဆပ်ပြာသုံးစွဲမှု အဆင်ပြေစေရေးအတွက် ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့သည်။
Subscribe to