သာယာဝတီမြို့နယ်၌ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နောင်မွန်းမြို့၌ မြို့နယ်အဆင့်အ‌ခြေခံပညာ‌ကျောင်းအုပ်များ စီမံခန့်ခွဲမှုစွမ်းရည်မြှင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲရေးစွမ်းရည် ပိုမိုမြင့်မားလာပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တိကျ လျင်မြန်မှုရှိလာစေရန်အတွက် စီမံခန့်ခွဲမှု စွမ်းရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အထက-နောင်မွန်းကျောင်း ထလမ်ရာဇီ ခန်းမ၌ ကျင်းပသည်။

လေဘေးသင့်အိမ်ထောင်စုအတွက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဗောဓိကွင်းကျေးရွာအုပ်စု၊ စဉ်အိုးလှကျေးရွာတွင် နိုဝင်ဘာလ(၁၇)ရက် နေ့က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့် အိမ်ထောင်စုအတွက် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လေဘေးသင့်နေအိမ်သို့ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ် အသစ်များကို ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ် ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် “စိုက်ပျိုးရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ

စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မင်းကွန်းတိုက်နယ် တာဝန်ခံတို့ပူးပေါင်း၍ “စိုက်ပျိုး ရေးကဏ္ဍ အသိပညာပေး” Talk Show ကျင်းပ ဆောင်ရွက်ခြင်းကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ် ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်း အခြေပြုစားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(ပညာဇောတ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စပါးကြဲပက်စိုက်ပျိုးသူများ ပေါင်းမြက်အန္တရာယ် သတိထားရန်လိုအပ်

ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ရေတွင်း စသည်တို့မှ သွင်းရေနည်းလမ်းအသွယ်သွယ်ဖြင့် ရေရရှိနိုင်သည့် ဒေသများနှင့် အထူးသဖြင့် မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုအပ်သော ဧရာဝတီတိုင်းဒေသကြီး၌ စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းအား အဓိကထား ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ နွေရာသီ၌ တိုက်ရိုက်မျိုးစေ့ချနည်းစနစ် (ကြဲပက်ခြင်းစနစ်)ဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးကြကြောင်း မြင်တွေ့နိုင်သည်။

မုဒုံမြို့နယ်၌ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပသည်။

မိုးနဲမြို့နယ် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်း စေရန်ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မြို့နယ် စည်ပင်သာယာရေးဌာမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်)မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)၏ (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
Subscribe to