ပုဗ္ဗသီရိမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့မွန်းလွဲပိုင်း​က သွားရောက် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက တပင်ရွှေထီးရပ်ကွက်အတွင်း နေအိမ်များရှိ ခြင်ပေါက်ပွားနိုင်သည့် အိုးခွက်များအတွင်းမှ ရေများစွန့်ပစ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ အလားတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ  အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းကျောင်းများ၊ မူကြိုကျောင်းနှင့် ရပ်ကွက်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်မြင့်(ပြန်/ဆက်)