ပြည် ဇွန် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက "သတင်းစကား" အမည်ဖြင့် တာဝန်ခံထုတ်ဝေသည့် ၂၀၂၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဒေသတွင်းပြည်သူများထံ အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ "သတင်းစကား" လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်အပါအဝင် "မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်"၊ "မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း"၊ "ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ"၊ "အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ"၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား" စသည့်ခေါင်းစဉ်များဖြင့်မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ၊ သိမှတ်ဖွယ်အကြောင်းအရာများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်နှင့် ဓာတ်ပုံမှတ်တမ်းများစုံလင်စွာ ဖော်ပြပါရှိပြီး ယနေ့တွင် ယင်းလက်ကမ်းစာစောင်များကို ခေတ္တရာမြို့သစ်ရှိ လဝကရုံး၊ ကညနရုံးနှင့် အာမခံရုံး စသည့်ရုံးဌာနများသို့ လာရောက်သည့်ပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီဂိတ်၊ ကားဂိတ်များ၊ ဈေးဆိုင်များနှင့် လမ်းသွားလမ်းလာပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ ကျောင်းသားလူငယ်ရွယ်များဖတ်ရှုလေ့လာနိုင်ရန် မြို့နယ်အတွင်းအခြေခံပညာကျောင်းများသို့လည်း သွားရောက်ဖြန့်ဝေ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ ဆက်)