အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာ‌စောင်များ မင်းတုန်းမြို့တွင် ဖြန့်ဝေ

မင်းတုန်း ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၄၅၀)ကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ဆောင်းပါး၊ ကာတွန်း၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်း၊ ကဗျာ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ကျောင်းသားလူငယ်များ လိုက်နာသင့်သည့် အချက်များ စသည့်ကဏ္ဍများ ပါဝင်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)