မိုးမိတ်မြို့နယ်တွင်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော

မိုးမိတ် ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့သည်  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးတို့အတွက် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်နေမျိုးပိုင်းက  လူငယ်လူရွယ်ထုနှင့်မူးယစ်ဆေးဝါးအန္တရာယ် ဟူသောအကြောင်း အရာခေါင်းစဉ်ဖြင့်  မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး၊  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရန်အချက်များကို အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “ သတင်းစကား ” လက်ကမ်း စာစောင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)