ကျိုင်းတောင်း ဇွန် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၌ အခြေခံပညာအလယ်တန်း (ဝိန်းကောင်)ကျောင်းသို့ သွားရောက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် ခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများကို “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး မူးယစ်ဆေးဝါး၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး သုံးစွဲမိစေသောအကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ စသည့်အချက်အလက် များကို ထပ်ဆင့်အသိပညာပေးဟောပြောဆွေးနွေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အသိပညာပေး နံရံကပ်စာ စောင်များ၊ နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)