လိပ်သိုမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 

လိပ်သို ဇွန် ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို   ဇွန်လ ၁၆ ရက်နေ့ နံနက် ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  လိပ်သိုမြို့ အမှတ် (၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်/ရပ်ကွက်နေ ပြည်သူများသို့ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊  ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက် ဖျက်၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ပုံရိပ်များ၊ ကာတွန်းများ စသည့်အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရသည်။

ခင်လေးနွယ်