သထုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

သထုံ     ဇွန်      ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံရာတွင် ပဉ္စမအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့်အတူ တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေသူများ၊ အသက်(၁၅)နှစ်နှင့်(၁၈)နှစ်ကြား၊ အသက်(၅)နှစ်မှ(၁၅)နှစ်ကြား ကလေးများတို့အား ပထမအကြိမ်ထိုးနှံပေးခြင်း၊ Booster Dose စတုတ္ထအကြိမ်၊ တတိယအကြိမ်၊ ဒုတိယအကြိမ်ထိုးနှံရန် လိုအပ်သူများအား ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်များအလိုက် ဆောင်ရွက်နေပြီး အဆိုပါနေ့တွင် စုရပ်နှစ်ခုတို့၌ ဒေသခံပြည်သူ(၃၀၀)ခန့်အား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)