ပျဉ်းမနား ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မျက်စိရောဂါရှာ ဖွေစစ်ဆေးခြင်းနှင့် လွှဲပြောင်းညွှန်ပို့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီးဖြူပင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
“မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ် မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား မျက်စိရောဂါစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဆေးကုသရန်လိုအပ်သည့် မျက်စိဝေဒနာရှင် ကျောင်းသား၊ ကျောင်းသူများကို ပျဉ်းမနားမြို့ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းညွှန်ပို့၍ ဆက်လက်ကုသပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဇီးဖြူပင်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၈၃ ဦးနှင့် ပြည်သူ ၁၆ဦးအား စစ်ဆေးပေးခဲ့ပြီး ဆေးကုသရန်လိုအပ်သည့် မျက်စိဝေဒနာရှင် ကျောင်းသား၊ ကျောင်းသူ (၆)ဦးကို ခုတင်-၂၀၀ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းညွှန်ပို့၍ ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း” မျက်စိကျန်းမာရေးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)