မုံးကိုးမြို့၌ အ.ထ.က ကျောင်းအတွင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မုံးကိုး ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင်  ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများအတွက် မူးယစ်ဆေးဝါးနှင့် ပတ်သက်သောဆိုးကျိုးများအား သိရှိနားလည်စေရန် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် (၁၀)အချိန်က ဖြန့်ဝေ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မုံးကိုးမြို့၊ ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနမှ စာ/ထောက်-၃ (အင်အားပြ)ဒေါ်နော်မေစံပယ်ဖူး ကဦးစီးဆောင်ရွက် ဖြန့်ဝေခဲ့ပြီး ယင်းလက်ကမ်းစာ  စောင်များတွင် ကျောင်းသား/ သူလူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော သိရှိလိုက်နာသင့်သည့်အချက်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှထုတ်ပြန်ထားသောအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒများ၊လူငယ် လူရွယ်အများစုတို့ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်းများ၊ ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစား ကြံ/ပြောင်းများ စိုက်ပျိုးကြရန်အပြင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ကဗျာ/ရုပ်ပြကာတွန်းများနှင့်  လူဘောင်လောက ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုး တက်ရေးကို ထိခိုက်စေနိုင်သောမူး ယစ်ဆေးဝါးများကို ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အမြစ်ပြတ် တိုက်ဖျက်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်းကိုလည်း သိရပါသည်။

ထိုသို့သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်ကျောင်းသား/သူများနှင့်ဆရာ/မများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရပါသည်။

မေစံပယ်ဖူး(မုံးကိုး)