ကွတ်ခိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းဆောင်ရွက်

ကွတ်ခိုင် ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်းကို  ယ‌မန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးဦးကျရာသီ ဖြစ်ခြင်းကြောင့်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ အဘိတ်(Abate) ဆေးခတ်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာ ရုံးများအတွင်းရှိ ရေသိုလှောင်ကန်များအား အဘိတ်ဆေးထည့်ခြင်း၊ စဉ့်အိုးများအား ဖုံး၊ သွန်၊ လဲစစ်ပြုလုပ်ခြင်း၊ ခြင်ခိုအောင်းနိုင်မည့်နေရာများမရှိစေရန် ဆောင်ရွက်ခဲ့ကြသည်။

ကွတ်ခိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ ရပ်ကွက်၊ ကျေးရွာများသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)