တာမိုးညဲ ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က လူငယ်နဲ့အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်ခေါန်မိုင်က စာဖတ်ဝိုင်းများ ပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေရေးနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် အသိပညာဗဟုသုတ မြင့်မားလာရေးအတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင်များက စာရေးဆရာ မောင်မင်းစိုးရေးသားထားသော လူငယ်နဲ့အပြောင်းအလဲ စာအုပ်မှ လူငယ်နဲ့ သိစိတ်ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
ထို့နောက် လူငယ်အသင်းမှ မောင်နော်ဆန်အောင်က လူငယ်နဲ့အပြောင်းအလဲခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာပေဝါသနာရှင်မှ ပေးသောလက်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တာမိုးညဲ(ပြန်/ဆက်)