လောက်ကိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လောက်ကိုင် ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ယမန်နေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂အခြေခံပညာအထက်တန်းကျောင်းနှင့်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သသတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၇၆၅)စောင်အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်းမူးယစ်ဆေးဝါး တို့ရှောင်ရှား”(ကဗျာ)၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များစသည့်ကဏ္ဍများ ပါဝင်ကြောင်း သိရသည်။

ညိုညိုဝင်း (လောက်ကိုင်)