အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ပြုလုပ်

၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပညာပေးဆွေးနွေးပွဲ (talk Show)ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာ (Community Centre)ခန်းမ၌ ပြုလုပ်သည်။

မိုင်းခတ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းချိုသာစွာဖြင့် ကမ်းနားရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီတွင် ရောင်းချပေးခဲ့သည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးကုန်စည်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ကုန်စည်စျေးနှုန်းများ မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပပေါက်စျေးထက် သက်သာသော နှုန်းထားများဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် ဗိုလ်ချုပ်လမ်း ဆုံတွင် စားသုံးကုန်စည်များ ဖြန့်ဖြူးရောင်းချပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌  လူငယ်နှင့် မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး  Community Centre ခန်းမ၌  ယမန်နေ့ နေ့လည်(၁) နာရီအချိန်က လူငယ်နှင့် မူးယစ်ဆေးဝါး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

မြောင်းမြမြို့ ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့်​ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ပဲ ကြက်ဥ၊ အသားများအား ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော ကုန်စျေးနှုန်း တည်ငြိမ်ကျဆင်းရေးအဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က မြောင်းမြမြို့ အမျိုးသားစျေး (National Market) တွင် ရောင်းချပေးခဲ့သည်။

အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များငှားရမ်း‌ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းသည် ကျောင်းသား/ကျောင်းသူများနှင့်  ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှု လေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဇလုတ်ကြီးကျေးရွာနှင့် မကျီးကန်‌ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများ၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးနေကြောင်း သိရသည်။

ကျုံပျော်မြို့ ပြည်သူများထံသို့ ဆီနှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် ဆီနှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တံတားမြို့ တာပတ်ကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ တာပတ်ကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က အခမဲ့ဆောင်ရွက်ပေးခဲ့သည်။
Subscribe to