ပုသိမ်မြို့တွင် “အက်ဆစ်မိုးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ “အက်ဆစ်မိုးအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပုသိမ်ခရိုင်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ဒေးဒရဲမြို့၌ ဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှု မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးနှင့် ဖျာပုံခရိုင်အတွင်းမှ ဒေသထွက်ကုန်များနှင့် သားငါးများ အခြားတိုင်းဒေသကြီးအတွင်းသို့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်မှု ရှိစေရေးအတွက် စစ်ဆေးကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ ဒေးဒရဲတံတားဂိတ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်သိန်းသိန်းဦးနှင့်အဖွဲ့တို့ မြေပုံမြို့နယ်ခန်းမ၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေခြင်းသို့ သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြေပုံမြို့နယ်ခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းဦး ဦးဆောင်သော ရွှေ့လျားဆေးကုသရေးအဖွဲ့က လေဘေးသင့်ဒေသများရှိ ပြည်သူများသို့ ကွင်းဆင်း၍ ဆေးကုသပေးနေမှုများအား ယနေ့နံနက် (၁၀) နာရီအချိန်က သွားရောက်ကြည့်ရှု့ပြီး ဆေးကုသမှု ခံယူနေကြသူ များအား အားပေးစကား ပြောကြားသည်။

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ မိုးရာသီစိုက်ပျိုးရန်ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌ရေးအတွက် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးရန် ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ လူစည်ကားရာနေရာများဖြစ်သော မိခင်နှင့်ကလေးကျန်းမာရေးဌာနရှေ့၊

မြေပုံမြို့၌ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်ဆောင်ရွက်မည့် အကျိုးဆောင် တောင်သူများအား မျိုးစပါးထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း (RS-CS) ဧက (၁၀၀) နှင့် စိုက်ပျိုး နည်းစနစ်များအလိုက် ဧက (၅၀) ဆောင်ရွက်မည့် အကျိုးဆောင် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

လက်ပံတန်းမြို့နယ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် လောကမာန်အောင်ရွှေဘုန်းရောင် ဘုရားကြီးကျောင်းတိုက် သာသနာ့ဗိမာန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၌ ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားအားယမန်နေ့ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရ​သည်။

ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to