တံတားမြို့ တာပတ်ကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

တံတား ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ တာပတ်ကျေးရွာတွင် တိုင်းရင်းဆေးကုသဌာနမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယနေ့နံနက် (၁၀) နာရီအချိန်က အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ပေးမှုကို တံတားမြို့တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူမှ တံတားမြို့၊ တာပတ်ကျေးရွာအတွင်းရှိ ကျေးရွာသူ/ ကျေးရွာသားများအား တိုင်းရင်းဆေးဝါး ဝယ်ယူသုံးစွဲခြင်းနှင့်ပတ်သက်၍ သိကောင်းစရာအချက်များ၊ ဆောင်ရန်ရှောင်ရန်နှင့် ကျန်းမာရေးအသိပညာ၊ ဗဟုသုတအကြောင်းသိကောင်းစရာများကို ဟောပြောပြီးနောက် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ပြုလုပ်ပေးခဲ့ပြီး အမျိုးသားလူနာ(၆)ဦး၊ အမျိုးသမီးလူနာ(၂၅)ဦးနှင့် ကလေးလူနာ(ကျား) - (၂)ဦး စုစုပေါင်းလူနာ (၃၃)ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ ဆက်)