ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌  လူငယ်နှင့် မူးယစ်ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

သင်္ဃန်းကျွန်း  ဇွန် ၁၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး  Community Centre ခန်းမ၌  ယမန်နေ့ နေ့လည်(၁) နာရီအချိန်က လူငယ်နှင့် မူးယစ်ဆေးဝါအသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲ (Talk Show) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲဝင် စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)တို့မှ ယနေ့ လူငယ်လူရွယ်များ၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံးလှိုက်စားဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါးအန္တရာယ်အား အသိပညာဗဟုသုတရရှိစေရန်၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်၊ မူးယစ်အန္တရာယ်မကျရောက်စေရန်အတွက် အသိပညာ‌ပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် Book Club တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။                           

 ခရိုင်(ပြန်/ ဆက်)