ကျိုက်မရော ဇွန် ၁၉
၂၀၂၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပညာပေးဆွေးနွေးပွဲ (talk Show)ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာ (Community Centre)ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဆွေးနွေးပွဲ(Talk Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြီး အ.မ.က မူလွန် ကလိုင်းကနိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိက ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်းများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွား၍ မူးယစ်ဆေးဝါး၏အန္တရာယ်မှ ရှောင်ရှားနိုင်ကြစေရန် ပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်းမ၌ အပတ်စဥ် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ အွန်လိုင်းမှတစ်ဆင့် ဗဟုသုတမျှဝေခြင်း ဆွေးနွေးပွဲများ ပြုလုပ်ခြင်းစသည့် ဗဟုသုတမျှဝေခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယခုပြုလုပ်သော ပညာပေး(talk-Show)ကို We love Kyaikmayaw Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)