ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများ သားငါးစားသုံးမှု အဆင်ပြေချေားမွေ့စေရန် သားငါးများအား ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အခြေခံလူတန်းစားများ စားသုံးမှု အဆင်ပြေ ချေားမွေ့စေရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ သားငါးများအား ပုံမှန်ဈေးနှုန်းထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့က ဒွန်းနွဲ့ကြိုးတံတား တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားသည်။

ပင်းတယတွင် ဈေးကွက်ဝင် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ရာသီများအလိုက် စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိကြရာ ယခုကာလထွက်ရှိသည့် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီဈေးကွက်အတွင်း ရောက်ရှိတော့မည်ဖြစ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအို-မချမ်းဘော-နောင်မွန်ပြည်ထောင်စုလမ်းမကြီး ပေါ်ရှိ မိုင်တိုင်(၂၆) အင်မွေးတောင်ရှုခင်းသာ(View Point) ဖွင့်လှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသ၏ ‌ရေခဲတောင် သဘာဝအလှများ၊ သားငှက် တိရိစ္ဆာန်များ၊ တောတောင်ရှုခင်း များဖြင့် ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားဧည့်သည်များ လည်ပတ်ကြည့်ရှု အပန်းဖြေအနားယူနိုင်ရေး ခရီးစဉ်ဒေသအသစ်များကို အကောင်အထည်ဖော်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သည် မချမ်းဘောမြို့နယ်၊ အလန်ဂါးကျေးရွာအတွင်း ပူတာအို-မချမ်းဘော-နောင်မွန် ပြည်ထောင်စု လမ်းကြီးဘေး မိုင်တိုင်(၂၆)ရှိ အင်မွေးတောင်ရှုခင်းသာ(View Point)ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

ကျုံပျော်တွင် ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများတစ်ခါသုံးပလပ်စတစ်အိတ် လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ကျုံပျော် မြို့မဈေးအတွင်း၌ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌အခြေခံစားသောက်ကုန်ပစ္စည်းများကိုပြည်သူများသို့သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဖျာပုံမြို့အမှတ် (၁၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။

မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကျေးလက်နေပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ငအင်းကျေးရွာအုပ်စု၊ ငအင်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်၌ အခြေပြု၍ ကျေးလက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ရိုက်ကူးဆောင်ရွက်မှုအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရေသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အကြောင်းအရာများ သိရှိနားလည်စေရန် ရည်ရွယ်၍ ကလေး အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to