ကျုံပျော် ဇွန် ၁၉
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် ဆီနှင့် အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၌ ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် ပင်လုံရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ကန်ဇွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗုံလုံသီးများအား ပြည်သူများထံ ဈေးနှုန်းချိုသာစွာပေးခဲ့ပြီး၊ ကျုံပျော်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစော၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
အလားတူ အောင်ဆန်းရပ်ကွက်၊ သုဇနကာရီ သီလရှင်စာသင်တိုက် အတွင်း၌လည်း ဧရာဝတီတိုင်း ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်နေ အခြေခံပြည်သူများအား တစ်ဦးလျှင် ဆီတစ်ပိသာ (၄၂၀ဝိ/-) ကျပ်နှုန်း ဖြင့် ၊ စုစုပေါင်း ဆီပိဿာ(၅၅၀)အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)