ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေး

ဇလွန် ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းချိုသာစွာဖြင့် ကမ်းနားရပ်ကွက်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီတွင် ရောင်းချပေးခဲ့သည်။

ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ကမ်းနားရပ်ကွက်နေ ပြည်သူများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဘဲဥတစ်လုံးလျှင် (၂၅၀) ကျပ် ၊ ကြက်ဥတစ်လုံးလျှင် (၂၂၀) ကျပ် ၊ ကန်စွန်းရွက်တစ်စီးလျှင် (၅၀) ကျပ်၊ ချဥ်ပေါင်ရွက်တစ်စီးလျှင် (၅၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)