ကျိုင်းတုံ ဇွန် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)၌ (၁၈)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန် ၁၈ ရက်က ကျင်းပသည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ကျိုင်းတုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သာထွန်းက ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး (၁၈)ကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့နှင်းသဘင်တွင် မြို့ပြအင်ဂျင်နီယာ(၂၁)ဦး၊ အီလက်ထရောနစ် အင်ဂျင်နီယာ (၆)ဦး၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (၉)ဦး၊ စက်မှုအင်ဂျင်နီယာ (၈)ဦး စုစုပေါင်း(၄၄)ဦး အား ဘွဲ့လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)