မြိတ်မြို့တွင် ကလပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မြိတ် ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးနှင့် မျိုးဆက်သစ် ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် TSDP အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ကာယဗလမောင်၊ ကာယကြံ့ခိုင်မောင်/မယ်ပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲများအဖြစ် ကာယဗလမောင်ပြိုင်ပွဲတွင် အသက်(၂၁)နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲ၊ ကာလဗလမောင် အငယ်တန်းပြိုင်ပွဲနှင့် ကာလဗလမောင် အကြီးတန်း ပြိုင်ပွဲတို့တွင် သတ်မှတ်ကိုယ်ဟန်(၇)မျိုးနှင့် စိတ်ကြိုက်ကိုယ်ဟန်(၁)မိနစ်၊ ကာယကြံ့ခိုင်မောင်ပြိုင်ပွဲတွင် သတ်မှတ်ကိုယ်ဟန်(၅)မျိုးနှင့် စိတ်ကြိုက်ကိုယ်ဟန်(၁)မိနစ်၊ ကာယကြံ့ခိုင်မယ်ပြိုင်ပွဲတွင် စိတ်ကြိုက်ကိုယ်ဟန်များနှင့် သတ်မှတ်ကိုယ်ဟန်(၅)မျိုးတို့ကို ကလပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် မောင်မယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲများအလိုက် နှစ်သိမ့်ဆုများ၊ တတိယဆုများ၊ ဒုတိယဆုများနှင့် ပထမဆုများကို မြိတ်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်မိုး၊ မြို့နယ်အားကစားမှူးနှင့်  မြို့နယ်ကိုယ်ကာယဗလနှင့် ကိုယ်ကာယအလှဆပ်မတီမှ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)