ဇေယျာသီရိ ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာ စေရန်ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ဖိတ်ခေါ်၍ ဟောပြောပွဲပြုလုပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်က လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းထားကချမ်းသာရ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပုဗ္ဗသီရိမြို့နယ် YGW ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ် YGW ကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား လိုက်လံပြသခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)