ကြံခင်း ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ယူမှတ်ပုံတင် ခြင်းလုပ်ငန်းဆိုင်ရာ "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွား မြှင့်တင်စို့" အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ လမ်းမတော်လမ်း၊ ဗိုလ်ချုပ် ကြေးရုပ်ရှေ့ လူစည်ကားရာနေရာတွင် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန်ဝေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်သူ့ အင်အားဦးစီးဌာန၊ (ယာယီ) မြို့နယ်ဦးစီးမှူ ဦးအောင်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင် စောင်ရေ(၁၅၀) ကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ် မှတ်ပုံတင်ဦးစီးဌာနမှ ထုတ်ဝေသော "e-ID စနစ်ဆောင်ရွက်လို့ လူမှုစီးပွားမြှင့်တင်စို့" လက်ကမ်းစာစောင်တွင် e- ID စနစ်အကြောင်း၊ e- ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်(၅)ဆင့်၊ e-ID စနစ် ၏ အဓိကရည်ရွယ်ချက် စသည့် အချက်များ၊ UID (Unique Identity) နံပါတ်အကြောင်းနှင့် UIDကို ဘယ်လိုလူမျိုးတွေကိုထုတ်ပေးမှာလဲ စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)