ကျွန်းစုမြို့တွင် မြို့သာယာလှပရေးအတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ

ကျွန်းစု ဇွန် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပရေးအတွက် လုပ်ငန်းသုံးပစ္စည်း တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီခွဲအချိန်က မြို့နယ်စည်/ပင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက် အင်ဂျင်နီယာ ဦးမိုးဇော်က တင်ဒါစနစ်နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ကျွန်းစုမြို့နယ်တွင်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာရေးအတွက် လုပ်ငန်းသုံးပစ္စည်းဖြစ်သော ဘိလပ်မြေ (၁၄၁၅.၀၆) အိတ်အား မြိတ်မြို့ ဆိပ်ကမ်းရှိ လှေထဲအရောက် တစ်အိတ်လျှင် (၁၄၂၀၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းအနည်းဆုံး တင်သွင်းသူထံမှ ပစ္စည်းဝယ်ယူခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)