တပ်ကုန်း ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကံလှကျေးရွာအုပ်စု၊ မဲအင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အထူးဆောက်လုပ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းမင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်အား ဆန်တစ်အိတ်၊ စားအုန်းဆီ ၅ ပိဿာ၊ Multivitamin အားဆေး ၁ ဗူးနှင့်၊ ဝတ္ထုငွေ ၅၀,၀၀၀ ကျပ် ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုးမောင်နှင့်အဖွဲ့ ၁၁ ဦးအတွက် တစ်ဦးလျှင် ရွှေဖီဦးလက်ဘက်ရည်ထုပ်နှင့် ငွေကျပ်တစ်သောင်းကျပ်ပေးအပ်၍ လည်းကောင်း၊ ကံလှကျေးရွာနေ စစ်မှူထမ်းဟောင်း ၁၂ ဦးအတွက် တစ်ဦးလျှင် ရွှေဖီဦးလက်ဘက်ရည်ထုပ်နှင့်ငွေကျပ် တစ်သောင်းကျပ်ပေးအပ်၍လည်းကောင်း၊ အသက်၇၅နှစ်အထက် သက်ကြီးဘိုး၊ ဘွား ၁၀ ဦးအတွက် တစ်ဦးလျှင် Vitazone အားဆေးအရည်တစ်ဗူး၊ Burplex အားဆေးတစ်ဗူးနှင့် ငွေကျပ်တစ်သောင်းကျပ် ထောက်ပံ့လှူဒါန်းခဲ့ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး၊ မဲအင်းကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ ဆရာ/ ဆရာမများအတွက် ငွေကျပ်တစ်သိန်းထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်စိုးလွင်