မန္တလေး ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း အမှတ် (၂၅)၊အမှတ်(၃၉)၊ အ.ထ.က ခွဲ (၂၉)ကျောင်းများသို့ ကျောင်းသား၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအန္တရာယ်အမျိုးသားရေးအသွင် တိုက်ဖျက်ဆောင်းပါး၊ ထိထိရောက်ရောက်ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်း အရင်း၊ ဘိန်းခင်းများဖျက်စီးရှင်းလင်းသည့် ဓာတ်ပုံ၊ ဘိန်းအစားထိုးစံပြအစေ့ထုတ် ပြောင်းရိတ်သိမ်းသည့် မှတ်တမ်းဓာတ်ပုံ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါး ဒို့ရှောင်းရှားကဗျာနှင့် သူရမိုး မှော်ဘီရေးဆွဲသည့် ကာတွန်းများစသည့်ဖြင့် ဝေဝေဆာဆာပါရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)