ညောင်ဦး ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့်ကော်မတီအစည်းအဝေး (၁/၂၀၂၃)ကျင်းပခြင်းကို ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ယမန်နေ့ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်မှ အဖွင့်အမှာစကားပြောကြားသည်။ ပြီးနောက် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးနှင့် တောမီးအန္တရာယ်ဆိုင်ရာ ခရိုင်အဆင့်လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းနိုင်ဦးမှ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြဆွေးနွေးပြီး ခရိုင်အဆင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ မီးခိုးမြူငွေ့ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား အကျယ်တဝင့်ဆွေးနွေးပြီး ခရိုင်အဆင့်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း