ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိ စေရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေး

ဇလွန် ဇွန် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိစေရေးအတွက် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များအား ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးခဲ့သည်။

ဇလွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ သက်သာချောင်ချိ စေရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက်များကို ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည် လျှင် (၂၅၀၀)၊ ဘဲဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၁၀) ကျပ်၊ ကန်စွန်းရွက် တစ်စီးလျှင် (၅၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စီးလျှင် (၅၀)ကျပ်နှုန်းဖြင့်  ရောင်းချပေးခဲ့သည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)