ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ငွေကျပ်သိန်း ပေါင်း(၁၅၀၀၀)ကျော် ထုတ်ပေးခဲ့ပြီး
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအတွက် အချိန်မီ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ ထုတ်ပေး လျက်ရှိရာ ဇွန်လ ၂၀ ရက်နေ့က ကွမ်ရိုက်ကျေးရွာမှ တောင်သူ(၁၉၇)ဦး၏ စိုက်ဧက (၁၃၃၆)ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း(၂)ထောင် ကျော် ထုတ်ချေးခဲ့ပြီး စုစုပေါင်း ငွေကျပ်သိန်းပေါင်း(၁၅၁၄၄)သိန်းကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။