ဇေယျာသီရိ ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူစုစုပေါင်း ၉၅ ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းတွင် ခုတင် ၅၀ ဆံ့ဆေးရုံ၌ ထိုးနှံပေးခဲ့သည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခြင်းဖြစ်ရာ ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက်ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင်ဇေယျာသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဇေယျာသီရိမြို့နယ်ခုတင် ၅၀ ဆံ့ဆေးရုံသို့ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ပဉ္စမအကြိမ်မြောက် လာရောက်ထိုးနှံသည့် ပြည်သူ ၉၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)