တံတားမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ကဝမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ယမန်နေ့မွန်းလွဲ(၂)နာရီက အ.ထ.က(ကဝ)နှင့် အ‌ခြေခံပညာကျောင်းများ၌ ဖြန့်ဝေပေးခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show)ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်နေသည့် ကျောင်းတွင်းအခမ်းအနားများ၌ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to