ပေါက်ခေါင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးသည့် မိုးနှမ်းသီးနှံများကို တောင်သူများ၏ ယာမြေများတွင် မေလလယ်ခန့်မှ စတင်စိုက်ပျိုးထားရှိရာ ယခုအခါမိုးနှမ်းများအပင်အားအောင်းပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်တွင် မိုခါမုန်တိုင်း၏အရှိန်ဖြင့် မေလလယ်ခန့်က ရွာသွန်းခဲ့သည့် မိုးရေအစိုဓာတ်ဖြင့် မိုးသီးနှံနှမ်းကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ရာ ယခုအခါ သီးနှံများ သက်တမ်း(၁)လ ကျော်ရှိပြီဖြစ်ပြီး၊ ပေါင်းထိုးခြင်း၊ ပေါင်းမြက်များ နှိမ်နင်းခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်မိုးရာသီသီးနှံ မိုးနှမ်းစိုက်ပျိုးရန် ၃၈၀၄၆ ဧကလျာထားဆောင်ရွက်ထားပြီး၊ ဇွန်လ ၁၅ ရက်နေ့အထိ ၅၁၁၈ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ တောင်သူများအနေဖြင့် မိုးနှမ်းများ ရိတ်သိမ်းပြီးစီးချိန်တွင် ပဲတီစိမ်း၊ ပဲပုတ်စသည့် သီးနှံများကို ထပ်မံစိုက်ပျိုးမည်ဟုသိရပြီး၊ သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)