မန့်ဟီးရိုးမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

မန့်ဟီးရီုး ဇွန် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၁၀)အချိန်က ကျောင်းသား/ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်။

ရှေးဦးစွာ  ကျောင်းသား/ကျောင်းသူမိဘများ၏ ကာကွယ်ဆေးထိုးနှံခွင့်ပြုမှု သဘောတူညီချက်ရယူပြီး ကာကွယ်ဆေးမထိုးနှံမှီ အပူချိန်တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ယခင်ထိုးနှံပြီးစီးမှုအကြိမ် အရေအတွက်များကို မေးမြန်းစာရင်း ကောက်ယူခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးလျှင် ဆောင်ရန်/ရှောင်ရန်တို့ကို ကျောင်းသား/ကျောင်းသူ မိဘများအား သေချာမှာကြားခဲ့ကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်ထိ ကျောင်းသား/ ကျောင်းသူများကို စနစ်တကျ  ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မန့်ဟီးရီုးမြို့၊ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်ခေါမိုင်နှင့် ကျန်းမာရေးဝန်းထမ်းများက မန့်ဟီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၃)ယောက်အား စနစ်တကျထိုးနှံပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူ၊ ကလေးသူငယ်များတွင် ဖြစ်တတ်သော ချောင်းဆိုး၊ ရင်ကျပ်နှင့် အထွေထွေကျန်းမာရေး စစ်ဆေးမှုများကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ယခုမိုးတွင်းကာလတွင် ကျောင်းပတ်ဝန်းကျင်၌ ခြင်ပေါက်ဖွားနိုင်သော နေဝပ်သည့်နေရာများ၊ ခြုံနွယ်များကို အပတ်စဉ် ရှင်းလင်းဆောင်ရွက်ကြရန်၊ မသန့်ရှင်းအစားအစာနှင့် ယင်နားစာများမှ ဖြစ်တတ်သော ဝမ်းပျက်/ဝမ်းလျှောရောဂါများ ကြိုတင်ကာကွယ်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ကျောင်းဆရာ/ကျောင်းဆရာမများကို ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးအတွက် အသိပညာပေးမှာကြားခဲ့ကြောင်း သိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)