ဒေးဒရဲမြို့၌ မြန်မာနိုင်ငံအတက်ရောဂါစီမံချက် အသိပေးရှင်းလင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံဟောင်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၉)နာရီက မြန်မာနိုင်ငံအတက်ရောဂါ စီမံချက်အကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး‌ ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌  ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

တကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံတကောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်ချဆေး တိုက်ကျွေးခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းဝန်းအတွင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ “တိရိစ္ဆာန်အစာစိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြ မြက်စိုက်ပျိုးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “တိရစ္ဆာန် အစာစိုက်ပျိုးခြင်း ရက်သတ္တပတ် လှုပ်ရှားမှု” အထိမ်းအမှတ် သရုပ်ပြနေဗီယာ မြက်စိုက်ပျိုးခြင်းကို ယန်းခအုပ်စု၊ (၂၁)မိုင် ကျေးရွာတွင် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင်ကျိုက္က မျွမ်လိပ်ဥကုန်းဘုရားကြီးဝန်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို​ပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန်မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆို သောအားဖြင့် "ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့် အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါဘုရား​ကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။

တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်ပါဝင်သည့် ဓာတ်မြေသြဇာများ ရောင်းချမှု ရှိ၊ မရှိအား စစ်ဆေးခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က(၁) ပြင်ဦးလွင်၌  လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြင်ဦးလွင်မြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမဆောင်၌ ကျင်းပရာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
Subscribe to