ဆဒုံးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး  အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ကလိန်အောင်မြို့အတွင်းထွက်ရှိ‌သော ယိုဒယားကိုင်းဆက်ကြက်မောက်သီးများ စျေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်း မိုးရာသီထွက်ရှိသော ယိုးဒယားကိုင်ဆက်ကြက်မောက်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီး စီးပွားဖြစ် စိုက်ပျိူးသူ ခြံရှင်များက စျေးကောင်းရရှိလျက်ရှိ‌ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ နေဗီယာ မြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျခတ်ငူကျေးရွာရှိ တောင်သူတစ်ဦး၏ စိုက်ပျိုးမြေ(၁)ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ် ၂၀၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်၊ ခရိုင်ပြည်သူ့အားကစားကွင်း Synthetic ပြေးလမ်းဖွင့်ပွဲ တက်ရောက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူ‌ရေးကဏ္ဍ တိုးတက်မြှင့်မားလာစေရေးနှင့် ခရီးသွားလုပ်ငန်းဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၂၀ ရက် နံနက် ၈ နာရီက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဒုတ္တန်) ကျောင်းဝင်းအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သစ်တောဦးစီး ဌာနမှ ကျင်းပပြုလုပ် သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။

ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆမားခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

သနပ်ပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်(၇)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိပြီး ကျန်ရက်များတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်မော်တော်ယာဉ်လိုင်းပေါင်းစုံ အသင်းတွေ့ဆုံ၊ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၆/၂၀၂၃) အစည်းအဝေးကျင်းပ

ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်မော်တော်ယာဉ် လိုင်းပေါင်းစုံ အသင်းတို့တွေ့ဆုံသည့် အခမ်းအနားကို ဇွန်လ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးဆိုင်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ဒေးဒရဲမြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၁၀၁၈)ဦးရှိပြီး သက်ကြီးပင်စင်စား များနှင့် နာမကျန်းသူများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိသည်။
Subscribe to