ဖျာပုံမြို့၊ ရှေးဟောင်းသမိုင်းဝင်ကျိုက္က မျွမ်လိပ်ဥကုန်းဘုရားကြီးဝန်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ဖျာပုံ ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန တို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစို​ပြေစေရေး၊ အပူဒဏ်ကာကွယ်နိုင်စေရေး၊ ရာသီဥတုကောင်းမွန်မျှတလာစေရေး၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနေ့အား ကြိုဆို သောအားဖြင့် "ဘုရားကျောင်းကန် စေတီရံလည်း သစ်ပင်ရှိမှပနံရလိမ့်" ဟူသော ဆောင်ပုဒ်နှင့် အညီ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါဘုရား​ကြီးဝန်းအတွင်း သစ်ပင်စိုက်ပျိုးကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပရာတွင် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇံရွှေက ပျိုးပင်များအား တာဝန်ရှိသူများထံ ပေးအပ်ပြီး ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျွန်းပင်(၁၈၅)ပင်၊ မဟော်ဂနီပင် (၁၅)ပင်၊ စိန်ပန်းပင် (၁၀၀)ပင်၊ မန်ဂျန်းရှား (၂၀၀)ပင် စုစုပေါင်း ပျိုးပင်(၅၀၀)အား စုပေါင်းစိုက်ပျိုးခဲ့ ကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)