ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကြံခင်း ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၆)နာရီအချိန်က စတင်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားပင်စင်လစာထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ယဉ်ယဉ်မွန်နှင့် တာဝန်ရှိသူများက ပင်စင်လစာလာရောက် ထုတ်ယူသူ ပင်စင်စားများ စနစ် တကျထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ အငြိမ်းစားပင်စင်လစာထုတ်ယူသူ ဦးရေ (၁၁၄၅)ဦးရှိပြီး မြို့ပြပင်စင်စား(၇၆၅)ဦး၊ ကာကွယ်ရေးပင်စင်စား (၂၉၀)ဦး၊ နိုင်ငံရေးပင်စင်စား (၇၉)ဦး၊ ဘဏ်ပင်စင်စား (၁၁)ဦးရှိကြောင်းနှင့် ပင်စင်ထုတ်ယူရာ၌ အဆင်ပြေစေရန် ဇွန်လ(၂၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ နေ့စဉ်ရုံးဖွင့်ရက်များတွင် နံနက်(၆)နာရီမှ နေ့လယ်(၂)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)